သန်လျင် ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သန်လျင်မြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြီးကြပ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂ ရက်နေ့နံနက် (၁၀)နာရီတွင် မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ထားသည့်လမ်းမကြီးများတွင် စက်ဘီး၊ E-Bike၊ ဘေးတွဲယာဉ်များ တက်ရောက်မောင်းနှင်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက လိုင်စင်မဲ့ယာဉ်၊ ဆိုင်ကယ်များအား အရေးယူဆောင်ရွက်သွားမည့်အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြပြီး မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ခရိုင် ပြန်/ဆက်)