သန်လျင် ဇွန် ၅
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့နံနက်မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်မှ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေး၊ အခြေခံပညာတတ်မြောက်စေရေးတို့အတွက် ကျောင်းသုံးဗလာစာအုပ်၊ ဖတ်စာအုပ်၊ စာရေးကိရိယာနှင့် မူလတန်းအဆင့်တွင် ကျောင်းဝတ်စုံများကိုပါ အခမဲ့ပေးအပ်ထားကြောင်း သိရသည်။
သန်လျင်မြို့နယ်တွင် အခြေခံပညာကျောင်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်မော်နှင့် တာဝန်ရှိသူများ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် မိဘဆရာ ကျောင်းအကျိုးဆောင်အဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးသီဟ (ခရိုင် ပြန်/ဆက်)