ခရမ်းမြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ခရမ်း ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ အ‌‌ခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်ခြင်းကို ဇွန်လ ၂ ရက်နေ့နံနက် ၉ နာရီအချိန်မှစတင်ကာ မြို့နယ်အတွင်းရှိ စာသင်ကျောင်းအသီးသီး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် ခရမ်းမြို့နယ်အတွင်း၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း (၁၄၄) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၆) ကျောင်း စုစုပေါင်း (၁၅၀)ကျောင်းရှိပြီး ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ (၁၀၃၅၃) ဦးရှိကြောင်း သိရသည်။ ကျောင်းအပ်လက်ခံရာတွင်လည်း ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောလ်ပင်၊ ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးကြောင်း မြို့နယ်ပညာ‌ရေးမှူးရုံးမှ သိရသည်။

ခရမ်း (ပြန်/ဆက်)