ကျောက်တန်း ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီက စတင်ဖွင့်လှစ်ခဲ့ရာ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည်။
ကျောက်တန်းမြို့နယ်တွင် ကျောက်တန်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၈) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၈)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁၅) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၁၆) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၇၃) ကျောင်း၊ အမကခွဲ(၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂)ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း(၄)ကျောင်း စုစုပေါင်း (၁၃၈)ကျောင်းရှိပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တစ်မြို့နယ်လုံး စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၇၄၂) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများက လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန့်ဇင်ထွန်း