သုံးခွ ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများကို ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း (၁၄၇)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၇) ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၁၅၄) ကျောင်းရှိပြီး ကျောင်းအပ်နှံသူ ကျောင်းသား/သူ (၂၆၅၂၄)ဦးရှိကြောင်း သိရသည်။
ကျောင်းအပ်ရာတွင်လည်း ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောလ်ပင်၊ ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)