တိုက်ကြီး ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့မှစတင်၍ ဖွင့်လှစ်လျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည်။
တိုက်ကြီးမြို့နယ်တွင် အခြေခံပညာစက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၁ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း ၂၃ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၂၁ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၂၆၂ ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်း ၃၀၇ ကျောင်းဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိပြီး ကျောင်းတက်ရောက်မှုရာခိုင်နှုန်းမှာ ၉၇ ဒသမ ၈၆ ရာခိုင်နှုန်းနှင့် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းတွင် ကျောင်းဖွင့်လှစ်နိုင်မှုမရှိသည့် အခြေခံပညာကျောင်းများ မရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝတ်ရည် (ပြန်/ဆက်)