ရွှေပြည်သာမြို့နယ်တွင် ကျောင်းသား/သူများ ကျောင်းတက်ရောက်နေမှုအား မြို့နယ်တာဝန်ရှိသူများ သွားရောက်ကြည့်ရူအားပေး

ရွှေပြည်သာ ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား/သူများ ကျောင်းတက်ရောက်နေမှုအား ဇွန်လ ၃ ရက်နေ့နေ့လယ်ပိုင်းတွင် မြို့နယ်တာဝန်ရှိသူများ သွားရောက်ကြည့်ရူအားပေးကာ ဩဝါဒစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းလှိုင်၊ အဖွဲ့ဝင်(၂)ဦးဝင်းလှိုင်၊ မြို့နယ်ပညာရေးမှူးဦးဝင်းနိုင်တို့က သွားရောက်ကြည်ရူအားပေးကာ ဩဝါဒစကားများပြောကြားခဲ့ပြီး ကျောင်းများအတွင်း လိုအပ်သည်များကို လိုက်လံကြည်ရူစစ်ဆေးခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)