ရွှေပြည်သာ ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ်ရှိ ယာဉ်ထိန်းတပ်ဖွဲ့စု(၆၅)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်ဇော်စိုး ဦးဆောင်၍ ရွှေပြည်သာမြို့နယ်အတွင်းရှိ ကျောင်းများတွင် ကျောင်းသား/သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန် ကျောင်းတက်ကျောင်းဆင်းချိန်များတွင် ယာဉ်ကြောရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇွန်လ ၃ ရက်နေ့နံနက်ပိုင်း ကျောင်းတက်ချိန်နှင့် မွန်းလွဲပိုင်း ကျောင်းဆင်းချိန်များတွင် လမ်းမကြီးနှင့် နီးလျက်ရှိသော အမှတ်(၄)လမ်မကြီးပေါ်ရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌လည်းကောင်း၊ ဘုရင့်နောင်လမ်းမပေါ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများ လမ်းကူးရအဆင်ပြေစေရန်နှင့် ယာဉ်အန္တရာယ်မဖြစ်ပေါ်စေရန် လမ်းရှင်းခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း (ပြန်/ဆက်)