ဒဂုံတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒုတိယနှစ်တက်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်ဝက် သင်တန်းများစတင်ဖွင့်လှစ်ပြီး ဘွဲ့ကြိုနှင့်ဘွဲ့လွန်(၆၅၀၀)ဦးခန့်တက်ရောက်

ဒဂုံအရှေ့ ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်ဝက်သင်တန်းများကို ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒုတိယနှစ်ဝက် ပညာသင်ကာလ သင်တန်းများဖြစ်သည့်ပထမနှစ်၊ဒုတိယနှစ်၊တတိယနှစ်၊စတုတ္ထနှစ်၊ပဉ္စမနှစ်၊ပထမနှစ်ဂုဏ်ထူးတန်း၊ဒုတိယနှစ်ဂုဏ်ထူးတန်း၊တတိယနှစ်ဂုဏ်ထူးတန်း၊မဟာအရည်အချင်းစစ်သင်တန်းနှင့်မဟာတန်းများ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပထမနှစ်ဝက်ပညာသင်ကာလ သင်တန်းများဖြစ်သည့် စတုတ္ထနှစ်၊ဒုတိယနှစ်ဂုဏ်ထူးတန်းနှင့် မဟာတန်း၊ဒုတိယနှစ်သင်တန်းများကို  ၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက်မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ဘွဲ့ကြိုနှင့်ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူ(၆၅၀၀)ဦီးခန့် တက်ရောက်လျက်ရှိကြောင်းသိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)