ဒဂုံမြောက် ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၃၇)ရပ်ကွက်၊အဓိပတိလမ်းတွင် ဇွန် ၁ ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက် ခတ်မှုကြောင့် လုံးပတ်(၄)ပေ၊ အရှည်ပေ(၄၀)ခန့် ကုက္ကိုလ်ပင်လဲကျခဲ့ကြောင်း သိရသည်။
ထိုသို့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးပတ်(၄)ပေ၊ အရှည်ပေ (၄၀)ခန့်ရှိသော ကုက္ကိုလ်ပင်လဲကျနေမှုအား ဇွန်လ ၂ ရက်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့၀င်(၁၀)ဦး၊အရန်မီးသတ်တပ်ဖွဲ့၀င်(၅)ဦး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ပန်းဥယျာဥ်ဌာနမှဝန်ထမ်း(၅)ဦး၊ ရပ်ကွက် တာဝန်ရှိသူများဖြင့် ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ