ဒဂုံတောင် ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိရပ်ကွက်အများစုတွင် သစ် ပင်၊သစ်ကိုင်းကျိုးကျခြင်း၊ သစ်ပင်လဲပြိုခြင်းများကို လမ်းပိတ်ဆို့မှုမရှိစေရေးနှင့်ထိခိုက်မှုမရှိစေရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစီးအရာရှိဦးစိုးနိုင် ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေး အဖွဲ့များက အချိန်နှင့်တစ်ပြေးညီ လိုက်လံရှင်းလင်း ဖယ်ရှားပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ထိုသို့ ဖယ်ရှားရှင်းလင်းပေးလျက်ရှိရာ ဇွန်လ ၂ ရက်နေ့နံနက်(၉)နာရီက(၂၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် ပုလဲရတနာလမ်းထောင့်ရှိ လုံးပတ် ၄ ပေခန့်ရှိ ကုက္ကိုလ်ပင်မှာ မိုးသည်းထန်စွာရွာသွန်းခြင်း၊လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် မြေပျော့၍ လဲပြိုသွားခြင်းဖြစ်ရာ လမ်းပိတ်ဆို့မှုမဖြစ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးစီးအရာရှိဦးစိုးနိုင် ဦးဆောင်သောသန္ဓေတပ်ဖွဲ့ဝင်(၁၀)ဦး၊အရန်တပ်ဖွဲ့ဝင်(၅)တို့ဖြင့် သွားရောက်ဆောင်ရွက်ရာတွင် မြို့နယ်စည်သာယာအုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမောင်ဦး ဆောင်သော မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများ၊ ခရိုင်ပန်းဥယျာဉ်ဌာနမှ ၀န်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပါဝင်ကာ သစ်ပင်လဲပြိုမှု ကို ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ကြကြောင်းနှင့် သစ်ပင်လဲပြိုမှုကြောင့် ဓာတ်တိုင်ကျိုးကျမှုကို မြို့နယ် လျှပ်စစ်မန်နေဂျာရုံးအဖွဲ့မှ ရှင်းလင်းဆောင်ရွက်ပြီးစီးခဲ့ပြီး သစ်ပင်လဲပြိုမှုကြောင့် ကျိုးကျသွားသော လျှပ်စစ်ဓါတ်တိုင်အား မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအဖွဲ့မှ ပြန်လည်ပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သစ်ပင်လဲပြိုမှုဆောင်ရွက်နေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစန်းလွင်မှ အနီးကပ်ကြီးကြပ် အားပေးဆောင်ရွက်ကြောင်း၊ ယာဉ်သွား၊ ယာဉ်လာများ ပုံမှန်သွားလာလျက်ရှိပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။
နေမျိုးအောင်