ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိရစာမေးပွဲနှင့် ပါဠိ ပထမပြန် စာမေးပွဲများပြန်လည်ဖြေဆို

ဒဂုံမြောက် ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မန္တလေးငလျင်ကြီးကြောင့် ရပ်နားထားသော အစိုးရဓမ္မာစရိရစာမေးပွဲနှင့်ပါဠိပထမ ပြန်စာမေးပွဲများကို အမှတ်(၄၂)ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် ဇွန်လ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် အေးချမ်းစွာပြန်လည် ဖြေဆို‌တော်မူလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂ ခုနှစ်  အစိုးရဓမ္မာစရိရစာမေးပွဲတွင် ဓမ္မသင်္ဂဏီပါဠိအဌကထာ(၁)ဘာသာရပ်အား စာရင်းရှိစာ‌ဖြေသံဃာတော်(၂၅၈)ပါး၊ သီလရှင်(၄၆)ပါးရှိရာ ပျက်ကွက်သည့်သံဃာတော်(၅) ပါးသီလရှင်()ပါးရှိသဖြင့် ဝင်ရောက်ဖြေဆိုသည့် စာ‌ဖြေသံဃာတော်(၁၉၉)ပါး၊ သီလရှင်(၄၀)ပါး စုစုပေါင်း(၂၃၉)ပါး  ဖြေဆိုကြကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

စာဖြေ သံဃာတော်နှင့်သီလရှင်များ စိတ်အေးချမ်းသာစွာစာဖြေဆိုနိုင်ရန် စာမေးပွဲကြီးကြပ်ရေးအဖွဲ့နှင့် ဥက္ကဋ္ဌဆရာတော်ဒေါက်တာဘဒ္ဒန္တနေမိန္ဒနှင့်ဆရာတော်များ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များမှဝိုင်းဝန်းကူညီဆောင်ရွက်‌ပေးလျက်ရှိပြီး အဆိုပါ စာမေးပွဲကို ဇွန်လ  ၂ ရက်နေ့မှစတင်၍ ဇွန်လ ၁၀ ရက်နေ့ထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ရီ