ပုဇွန်တောင်မြို့နယ်တွင် အခြေခံပညာကျောင်းများဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများ  အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား

ပုဇွန်တောင် ဇွန် ၅

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံတော်မှကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ဗလာ စာအုပ်၊စာရေးကိရိယာနှင့်ကျောင်းဝတ်စုံများ(အခမဲ့)ထောက်ပံ့ပေးထားပြီး ကျောင်းသား/ကျောင်းသူ များ အေးချမ်း‌ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာကျောင်းများရှိ ကျောင်းအုပ်ဆရာမကြီးများ၊ဆရာ/ဆရာမများနှင့်ကျောင်းသားမိဘများက လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟန်စုယဉ်