တောင်ဥက္ကလာပ ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းခရိုင်၊တောင်ဥက္ကလာပမြို့နယ်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခြင်းကို ဇွန်လ ၂ ရက်နေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ စာသင်ကျောင်းအသီးသီး၌ ဖွင့်လှစ်ကြောင်းသိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကျောင်းပေါင်း (၄၃ )ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃) ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၁)ကျောင်း စုစုပေါင်းကျောင်းပေါင်း(၅၇)ကျောင်းရှိပြီး ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်လက်ခံပြီးသူ ကျောင်းသား/သူ (၁၄၈၂၂)ဦးရှိကြောင်းသိရသည်။
ကျောင်းအပ်ရာတွင်လည်း ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးကြောင်းသိရသည်။
ခင်ဆွေနှင်း