ငါန်းဇွန် ဇွန် ၅
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယနေ့မွန်းတည့် ၁၂ နာရီက မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲ (ဒုတိယနေ့) (ကြီး၊လတ်၊ ငယ်၊ မူ) တန်းများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ သံဃာတော်များ၊ လူနှင့်သီလရှင်များ ဖြေဆိုကြရာ ယနေ့တွင် ပထမကြီးတန်း၌ စာရင်းရှိ (၇)၊ ဖြေဆို(၅)၊ ပျက်ကွက်(၂)၊ ပထမလတ်တန်း၌ စာရင်းရှိ (၁၇)၊ ဖြေဆို(၁၅)၊ ပျက်ကွက်(၂)၊ ပထမငယ်တန်း၌ စာရင်းရှိ(၆)၊ ဖြေဆို(၃)၊ ပျက်ကွက်(၃)နှင့် အခြေပြုမူလတန်း၌ စာရင်းရှိ(၂၂)၊ ဖြေဆို(၁၄)၊ ပျက်ကွက်(၈)တို့သည် ကစ္စည်းသဒ္ဒါကြီးဘာသာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၄ ရက်နေ့မှ ၁၀ရက်နေ့အထိ နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၃နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ဖြေဆိုသံဃာတော်များ၊ သီလရှင်ဆရာလေးများအတွက် စာမေးပွဲဖြေဆိုရာတွင် လိုအပ်မှုမရှိစေရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)