တံတားဦး ဇွန် ၅
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် အထွေထွေအုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းမိသားစုဝင် သား၊ သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာသင်ထောက်ပံ့စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၈) နာရီက မြို့နယ်အုပ်ရေးမှူးရုံးခန်းမတွင် ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် တံတားဦးမြို့နယ် အထွေထွေအုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက အမှာစကားပြောကြားပြီး မြို့နယ်မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမေစပယ်အောင်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ဝန်ထမ်းမိသားစုဝင်သားသမီးများအနေဖြင့် ပညာသင်ကြားရာတွင် အထောက်အပံ့တစ်ခုအနေဖြင့်ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးရခြင်းနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ပညာသင်နှစ် တက်ရောက်ကြမည့် မိသားစုဝင်များအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ကြသည်။
တံတားဦးမြို့နယ် အထွေထွေအုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းမိသားစုဝင် သား၊ သမီးများဖြစ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်တွင် ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းသား/သူ(၁၀)ဦးအား တစ်ဦးလျှင် ငွေကျပ် (၅) သောင်းနှုန်း၊ အခြေခံပညာအထက်တန်းအဆင့်ကျောင်းသား/သူ(၉)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)၊ ဗလာစာအုပ်နှစ်ဒါဇင်၊ ဘောလ်ပင်(၅)ချောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၁၁) ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၂၀၀၀၀)၊ ဗလာစာအုပ်ရှစ်အုပ်၊ ဘောလ်ပင် (၅) ချောင်း၊ မူလတန်းအဆင့် ကျောင်းသား/သူ (၃၀) ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၁၀၀၀၀)၊ ဗလာစာအုပ်ခြောက်အုပ်နှင့် ခဲတံ (၁) တစ်ဒါဇင်တို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ အခြေခံပညာနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ကြားမည့် မိသားစုဝင်သားသမီးစုစုပေါင်း (၆၀) ဦးအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)