ကျောက်ဆည် ဇွန် ၅
မန္တလေးတိုင်းသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရေကြီးနစ်မြုပ်ခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်(၉)နာရီက ကျောက်ဆည်မြို့ မင်းရဲဆည်တွင် ရေပြင်အသက်ကယ်ရှာဖွေရေး သင်တန်းဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ် တိုးမြင့်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် တာဝန်ရှိသူများက သင်တန်းတွင် လေ့ကျင့််နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက် စွာ လုပ်ဆောင်နိုင်ရန်အတွက် ကျောက်ဆည်ခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်အေးနှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် KYAUKSE RESCUE အဖွဲ့တို့မှ ဦးဆောင်ပြီး မင်းရဲဆည်အတွင်း စပိဘုတ်မောင်းနှင်လေ့ကျင့်ခြင်း၊ ရေငုတ်ရှာဖွေရေးလုပ်ငန်းများကို စပိဘုတ်အကြီး(၃)စီး၊ အသေး(၂)စီးဖြင့် ၂၀၂၅ ခုနှစ် ဇွန်လ (၅)ရက်နေ့မှ ဇွန်လ (၇) ရက်နေ့အထိ (၃) ရက်ကြာ သင်တန်းသား (၃၀) ဦးဖြင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော် (ပြန်/ဆက်)