သဘာဝဘေးအသိပညာပေး၊ ရေဘေးအသိပညာပေးနှိုးဆော်ခြင်းနှင့်ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ

ညောင်ဦး  ဇွန် ၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ သဘာဝဘေးအန္တရာယ် အသိပညာပေး၊ ရေဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ နှိုးဆော်အသိပေးခြင်းအား သက်ဆိုင်ရာဌာနဆိုင်ရာများစုပေါင်း၍ ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များနှင့်ဧရာဝတီမြစ်ရေဝင်ရောက်သည့် ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့်လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်းသိရသည်။

ညောင်ဦးမြို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းလျက် မြို့ပေါ်ရပ်ကွက်များနှင့်ဧရာဝတီမြစ်ရေ ဝင်ရောက်သည့် ရပ်ကွက်များအတွင်း သဘာဝဘေးအသိပညာပေး၊ ရေဘေးအသိပညာ ပေးနှိုးဆော်ခြင်း၊ သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတိပေးလိုက်လံနှိုးဆော်ခြင်းကို ရေဘေးအတွက်ကြိုတင်ပြင်ဆင်ထားကြရန်၊ ရေကြီးချိန်ဆောင်ရန်ရှောင်ရန်နှင့် ကြိုတင်ရွေ့ပြောင်းမှုများပြုလုပ်ကြရန်၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များအား အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆောင်ခြင်းနှင့်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဒီပါလင်း