ရန်ကုန် ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြု လုပ်ငန်းကော်မတီ၊ ငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေးကော်မတီနှင့်၊ Emergency Medical Services (Myanmar) အဖွဲ့တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များအား အရေးပေါ်ကယ်ဆယ်ရေးရေပြင်/မြေပြင်အသက်ကယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက သာကေတမြို့နယ်၊ လူငယ်စင်တာတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဦးဌေးလင်း၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇွဲရန်နိုင်၊ Emergency Medical Services (Myanmar) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးလင်းက အဖွင့်အမှာစကား ပြောကြားပြီး ငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေးကော်မတီ ဥက္ကဋ္ဌဦးဇွဲရန်နိုင်က ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကော်မတီ၏ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရှင်း လင်းပြောကြားသည်။
ဆက်လက်၍ Emergency Medical Services (Myanmar) ဥက္ကဋ္ဌဦးခင်မောင်ဆွေက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် အလှူရှင်များကို တာဝန်ရှိသူများက အလှူငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)