ကျိုင်းတုံ ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၁၉ ခုနှစ် ဦးတင်မောင်တက္ကသိုလ်ပညာသင်ဆု ချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က အမှာစကားပြောကြားပြီး ဦးတင်မောင် တက္ကသိုလ် ပညာသင်ဆုရရှိကြသည့် ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ဆုချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ပညာသင်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသား တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)