ပျဉ်းမနားမြို့နယ်၌ စပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရန်ရှောင်ရန်အချက်များ ပညာပေးဆွေးနွေး

ပျဉ်းမနား ဇွန် ၅

ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ကျွန်းကုန် KC တွင် ယနေ့နံနက်ပိုင်းက သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲသို့ ပျဉ်းမနားမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူ ၃၅ ဦး တက်ရောက်သည်။ အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းက စပါးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စနစ်တကျစိုက်ပျိုးစေရေး၊ အရည်အသွေးကောင်းမွန်စေရေး၊ အထွက်နှုန်းတိုးစေရေး၊ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်စေရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေးနှင့် ပေါ်ဆန်းမွှေးစပါး စိုက်ပျိုးနိုင်ရေးတို့အတွက် ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)