ငါန်းဇွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ မကူးစက်တတ်သောရောဂါများ ရှာဖွေကုသခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ငါန်းဇွန် ဇွန် ၅

မန္တလေးတိုင်းဒေသကြိး ငါန်းဇွန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မကူးစက်တတ်သောရောဂါများ ရှာဖွေကုသခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မကူးစက်တတ်သောရောဂါများ ရှာဖွေကုသခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးမိုးအောင်၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအတူ မြို့ပေါ်ရပ်ကွက်များမှ လာရောက်ကုသမှုခံယူသူ ပြည်သူ (၂၄) ဦးအား မကူးစက်တတ်သောရောဂါများဖြစ်သည့် ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါများ ရှာဖွေကုသခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)