မဟာအောင်မြေ ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသူ (၄၇၀၈၆)ဦးရှိပြီး ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို နိုင်ငံတစ်ဝန်း မေလ(၂၂)ရက်နေ့ မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန်လ(၂)ရက်နေ့ရက်နေ့မှစတင်၍ ကျောင်းများ ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ စတင်ပညာသင်ကြားလျက်ရှိသည်။
မဟာအောင်မြေမြို့နယ်အနေဖြင့် မူလတန်းကျောင်းအဆင့်ကျောင်းအပ်နှံသူ (၃၃၂၅၂)ဦး၊ အလယ်တန်းအဆင့် (၉၂၃၀)ဦး၊ အထက်တန်းအဆင့်(၄၆၀၄)ဦး စုစုပေါင်း(၄၇၀၈၆)ဦး ပညာ သင်ကြားလျက်ရှိရာ ကျောင်းသား/ကျောင်းသူများစိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ကြားနိုင် စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ မိဘပြည်သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းအကျိုးတော်ဆောင်များမှ ဝိုင်းဝန်ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူများအား နိုင်ငံတော်မှ ကျောင်းသုံးပစ္စည်းများအား (အခမဲ့) ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း