တံတားဦးမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

တံတားဦး ဇွန် ၅

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ် ဆေးထိုးခြင်းနှင့် တိုက်ကျွေးလုပ်ငန်းကို တံတားဦးမြို့ပေါ်ရှိ ရပ်ကွက်( ၁ ၊ ၂ ၊ ၃ )အုပ်အုစုများမှ ရပ်ကွက်များအတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား မေလ ၂ ရက်နေ့ နံနက်ပိုင်းက  အမှတ် ( ၁၊ ၂ ၊ ၃ )ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသီးသီးတွင် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံရာတွင် လာရောက်ကြသည် အသက်(၂)နှစ်အောက် ကလေးငယ်များအားနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ကျန်းမာရေးဝန်ထမ်းများက အဆုတ်ရောင်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမှေားရောရောဂါ၊ နမိုးနီးယားကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးခြင်းများကို အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကာကွယ်ဆေးများထိုးနှံခြင်း၊ တိုက်ကျွေးခြင်းများကို အသက်အရွယ်အလိုက်နှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများကို ကျန်းမာရေးဝန်ထမ်းများကအဖွဲ့များခွဲ၍ မြေပြင်ကွင်းကာရပ်ကွက်၊ ကျေးရွာများရှိ စုရပ်အသီးသီးတွင်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

တံတားဦးမြို့နယ် အမှတ်(၁ ၊ ၂ ၊ ၃ )ရပ်ကွက်များမှတွင် ကလေးငယ်(၁၃၄)ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး(၄၂)ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါကြောင်း၊ ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်း လုပ်ငန်းများကို  လစဉ်လဆန်း (၁)ရက်နေ့မှ စတင်၍ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု စုရပ်များတွင် ထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ရဲတင့်(ပြန်/ဆက်)