ချမ်းအေးသာစံမြို့နယ်အတွင်း အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပ

ချမ်းအေးသာစံ ဇွန် ၅

ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ၂၇×၂၈ လမ်းကြား၊ ၈၈×၈၉ လမ်းကြား၊ မဟာလောကရံသီ အိမ်တော်ရာစေတီတော်ဝင်းအတွင်းရှိ ရတနာဃရ ၁၄ ခန်း ဗိမာန်တော်တွင် ၁၃၈၆ ခုနှစ်(၂၀၂၅ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲကို ဇွန် ၂ ရက် မွန်းတည့် ၁၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစိုးရဓမ္မာစရိယစာမေးပွဲ   ဓမ္မသင်္ဂဏီဘာသာ (၁) ကျင်းပစစ်ဆေးခဲ့ရာ စာရင်းရှိစာ​ဖြေသံဃာ ၅၃၃ ပါး၊ ဖြေဆိုသံဃာ ၃၇၆ ပါး၊ ပျက်ကွက်သံဃာ ၁၅၇ ပါး၊ ဖြေဆိုရာခိုင်နှုန်း ၆၇.၉၉ ဖြစ်သည်။ အဆိုပါ စာမေးပွဲအား စာမေးပွဲကျင်းပရေး သြဝါဒါစရိယဆရာတော်ကြီးများ၊ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာတော်များ၊ အထူးကြီးကြပ်ဆရာတော်များမှ ကြီးကြပ်၍ သာသနာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

ချမ်းမြေ့မောင် (ပြန်/ဆက်)