တိုက်ကြီးမြို့နယ်တွင် ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရသော ဆိုင်များတွင် အခွန်ဆိုင်ရာ အသိပညာပေး ဗီနိုင်းချိတ်ဆွဲ

တိုက်ကြီး ဇွန် ၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရ သောဆိုင်များတွင် အခွန်ဆိုင်ရာအသိပေးကြေညာချက်နှင့် ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပေးကြေညာချက် ဗီနိုင်းချိတ်ဆွဲခြင်းကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းအောင် ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနတို့ပူးပေါင်း၍ တိုက်ကြီးမြို့နယ်အတွင်းရှိ ပြေစာအမှတ်တံဆိပ် ကပ်နှိပ်ရောင်းချသော ဆိုင်များတွင် “နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင်အခွန်ဆောင်ပါ” ဟူသော ကြေညာချက်ဗီနိုင်းအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး လိုက်လံချိတ်ဆွဲခဲ့ကြောင်း သိရသည်။

ဝတ်ရည်