ဥတ္တရသီရိ ဇွန် ၅
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ အစိုးရပါဋ္ဌိပထမပြန်စာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာ မဏိဇောတိက ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့မွန်းတည့် ၁၂ နာရီက စတင်ဖြေဆိုသည်။
အစိုးရပါဠိ ပထမပြန်စာမေးပွဲ၌ ပထမကြီးတန်းတွင် သံဃာတော်လေးပါး၊ ပထမလတ်တန်းတွင် သံဃာတော်ခုနှစ်ပါး၊ ပထမငယ်တန်းတွင် သံဃာတော် ၄၅ ပါး၊ အခြေပြုမူလတန်းတွင် သံဃာတော် ၉၀ ပါး၊ စုစုပေါင်း ၁၄၆ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲအား စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများ၊ စာမေးပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးမှူးနှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး စာမေးပွဲကာလအတွင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့ပေါ်ရပ်ကွက်/ကျေးရွာများမှ စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)