တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်နေရာအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ပုသိမ်ကြီး ဇွန် ၅

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်အုပ်စုရှိ အခြေခံပညာ အထက်တန်းကျောင်း အ-ထ-က ပုသိမ်ကြီးတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် Camp သွင်း သင်ကြားသည့်နေရာအား ဇွန် ၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှူး ဒုတိယဦးစီးမှူး ဦးကျော်တေဇနှင့်  သန္ဓေတပ်ဖွဲ့ဝင်များအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းနှင့် တာဝန်ရှိသူများဖြင့်ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ကြီး ဦးမျိုးဇော်ခိုင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ၊ လိုက်လံပြသပေးခဲ့သည်။

အဆိုပါကျောင်းတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲတာဝန်ကျ ဆရာ/ဆရာမ ၅၆ ဦး၊ ဖြေဆိုမည့် ကျောင်းသား/သူ ၄၇၃ ဦးရှိပြီး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးဘေးအန္တရာယ် အသိပညာပေးပြောကြား၍ ကျောင်းဆောင်များအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)