ငါန်းဇွန်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကျင်းပ

ငါန်းဇွန်   ဇွန် ၅

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် မီးသတ်ဦးစီးဌာန၌ ဇွန်လ ၂ ရက်နေ့နံနက် ၁၀ နာရီက  သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်သန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ဇာတ်တိုက်လေ့ကျင့်ခြင်းများ လက်တွေ့သရုပ်ပြဆောင်ရွက်ကြသည်။

ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့ခွဲမှုကော်မတီဥက္က ဦးမျိုးမင်းသိန်း (မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က)နှင့်အဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ကြိုတင်စုဖွဲ့ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။       

သက်နောင်ဦး(ငါန်းဇွန်)