ဟိုပုံး ဇွန် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က သီရိမင်္ဂလာသာသာနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစိုးရပါဠိပထမပြန်စာမေးပွဲကို ဟိုပုံးမြို့နယ်မှ ပထမကြီးတန်း စာရင်းရှိ (၁၃)ပါး၊ ဖြေဆို (၈) ပါး၊ ပထမလတ်တန်း စာရင်းရှိ (၄၉)ပါး၊ ဖြေဆို (၄၃)ပါး၊ ပထမငယ်တန်း စာရင်းရှိ (၉၃)ပါး၊ ဖြေဆို (၇၈)ပါး၊ အခြေပြုမူလတန်း စာရင်းရှိ (၂၁၄)ပါး၊ ဖြေဆို(၁၇၈)ပါး စုစုပေါင်း စာရင်းရှိ (၃၆၉)ပါး၊ ဖြေဆို(၃၀၇)ပါး ဝင်ရောက်ဖြေဆိုကြောင်းသိရသည်။
ပါဠိပထမပြန်စာမေးပွဲတွင် စာမေးပွဲကြီးကြပ်ရေးဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ စာမေးပွဲကာလအတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်းနှင့် မြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းနှင့် ဆွမ်းများ ဆက်ကပ်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၄ ရက်နေ့မှ ဇွန်လ(၁၀) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)