ဒက္ခိဏသီရိမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

နေပြည်တော် ဇွန် ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် (၁၂)နာရီအချိန်တွင် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်၊ ရွှေလက်လှစေတီတော်မြတ်ကြီးဝန်းအတွင်းရှိ သာသနာလင်္ကာရဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

အစိုးရပါဠိပထမပြန်ဖြေဆိုရာတွင် ပထမကြီးတန်း ဒွေမာတိကာ ၁၉ ပါး၊ ပထမလတ် ဒွေမာတိ ကာ ၃၃ ပါး၊ ဓမ္မပဒပထမငယ် ဘိက္ခုပါတိမောက် ၅၂ပါး၊ ဓမ္မပဒအခြေပြု မြူလတန်း ၅၈ ပါး စုစု‌ပေါင်း ၁၆၂ ပါးဖြေဆိုခဲ့ပြီး အဆိုပါပထမပြန်စာမေးပွဲကို ဇွန်လ ၄ ရက်နေ့မှ ဇွန်၁၀ ရက်နေ့အထိ ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုစဥ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံအလှူရှင်များမှ နေ့စဥ် ဆွမ်းကွမ်းဝေယျာဝစ္စများနှင့် လုံခြုံရေး၊ ကျန်းမာရေးကိစ္စရပ်များကို ဖြည့်ဆည်းပံ့ပိုး လှူဒါန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)