ပျဉ်းမနား ဇွန် ၅
ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ပြူတွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောပွဲသို့ ပျဉ်မနားမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူ ၄၀ ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းက စပါးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စပါးရိုင်းဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန်အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ စနစ်တကျစိုက်ပျိုးစေရေး၊ အရည်အသွေးကောင်းမွန်စေရေး၊ အထွက်နှုန်းတိုးစေရေး၊ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်စေရေး၊ အောင်မြင်အောင် စိုက်ပျိုးစေရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေးတို့အတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)