ရပ်စောက် ဇွန် ၅
ရှမ်းပြည်နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ညိုမီစောမှ ရပ်စောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင်မူလတန်းကြိုကျောင်းရှိ ကလေးများအား အာဟာရဒါနလှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်းမှ ကလေးများအား ရင်းနှီးစွာတွေ့ဆုံခဲ့ပြီး ကလေးများက ကဗျာများရွတ်ဆို၍ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကမှလှူဒါန်းသော နေ့လယ်စာခေါက်ဆွဲကြော်နှင့် အာဟာရဖြစ်စေရန် ပဲနို့နှင့် Cake Sandwich ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများက မူကြိုကျောင်းကလေးငယ် (၅၂)ယောက်အား ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)