ပြင်ဦးလွင် ဇွန် ၅
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများသည် ဇွန်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်လျက်ရှိပြီး ပြင်ဦးလွင်မြို့တွင် ကျောင်းသား /ကျောင်းသူပေါင်း ၆၃၇၈၈ ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း အခြေခံပညာဦးစီးဌာန ပြင်ဦးလွင်ခရိုင်ပညာရေးမှူး ဦးကျော်ကျော်မွန်ထံမှ သိရသည်။
ပြင်ဦးလွင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၅၀)ကျောင်း၊ ပုဂ္ဂလိကအခြေခံပညာကျောင်း(၃၉ )ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာသင်ကျောင်း(၇)ကျောင်း၊ စုစုပေါင်း (၁၉၆ ) ကျောင်းရှိကြောင်းသိရသည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် နိုင်ငံတစ်၀န်း အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ခဲ့ကြောင်း သိရသည်။
ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိလျက်ရှိပြီး ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိစေရန် တာ၀န်ရှိသူများမှ တာ၀န်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်
ခရိုင်(ပြန်/ဆက်)