မိုးညှင်းတက္ကသိုလ်၌ နေ့သင်တန်း ကျောင်းသားကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းနှင့် ကျောင်းစတင်ဖွင့်လှစ်

မိုးညှင်း ဇွန် ၅

ကချင်ပြည်နယ်မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် နေ့သင်တန်း ကျောင်းသား ကျောင်းသူများ၏ ပုံမှန်သင်တန်းများကို မေ(၂၂)ရက်မှ စတင်ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန်(၂)ရက် နံနက်ပိုင်းက ကျောင်းစတင် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒုတိယပညာသင်ကာလနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမပညာသင်ကာလမှ နေ့သင်တန်း ကျောင်းသားကျောင်းသူများကို ကျောင်းအပ်လက်ခံလျက်ရှိပြီး အဆိုပါ ကျောင်းအပ်လက်ခံနေမှုအခြေအနေများကို တက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်နှင့် သင်တန်းရေးရာဌာနမှူးတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်အနေဖြင့် နေ့သင်တန်း ကျောင်းသားကျောင်းသူ ပထမနှစ်တွင် (၈၁)ဦး၊ ဒုတိယနှစ်တွင် (၉၃)ဦး၊ တတိယနှစ်တွင် (၁၆၃)ဦး၊ စတုတ္ထနှစ်တွင် (၁၄၅)ဦး၊ ဂုဏ်ထူးတန်း (ပထမနှစ်)တွင် (၄၁)ဦး၊ ဂုဏ်ထူးတန်း(ဒုတိယနှစ်)တွင် (၄၆)ဦး၊ ဂုဏ်ထူးတန်း (တတိယနှစ်)တွင် (၃၃)ဦး၊ မဟာအရည်ချင်းစစ်တွင် (၂၄)ဦး၊ မဟာဘွဲ့(ပထမနှစ်)တွင် ကျောင်းသား/သူ (၄၈)ဦးနှင့် မဟာဘွဲ့(ဒုတိယနှစ်)တွင် (၁၃)ဦး စုစုပေါင်းကျောင်းသား/ကျောင်သူ (၆၈၇)ဦးထိ ကျောင်းအပ်လက်ခံထားရှိပြီး ကျန်ရှိနေသေးသည့် ကျောင်းသား ကျောင်းသူများကို ဆက်လက်လက်ခံပေးလျက်ရှိကြောင်းနှင့် ကျောင်းသား ကျောင်းသူများမှ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားကြလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း