ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၇ ပေခွဲခန့် ပြန်လည်ကျဆင်းပြီဖြစ်

မြစ်ကြီးနား ဇွန် ၅

ကချင်ပြည်နယ်အတွင်း မေခနှင့်မလိခမြစ်အထက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၌ မေ ၃၁ ရက်နေ့မှ စတင်၍ မြင့်တက်လာခဲ့ပြီး ဇွန် ၁ ရက်နှင့် ၂ ရက်နေ့ နံနက်ပိုင်းအထိ မြို့၏စိုးရိမ်ရေအမှတ် (၁,၂၀၀)စင်တီမီတာအထက် (၁,၂၀၅)စင်တီမီတာအထိ မြင့်တက်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်(၆)ခုတွင် ရေဝင်ရောက်ခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်း၊ အခြေခံပညာကျောင်းများနှင့် ခရစ်ယာန်ဘုရားကျောင်းများတွင် ရေဘေးကယ်ဆယ်‌ရေးစခန်း(၃၁)ခု ထိဖွင့်လှစ်ခဲ့ရပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြရသည်။

ထို့အပြင် ဧရာဝတီမြစ်ရေသည် မေ ၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်မှစတင်၍ တဖြေးဖြေပြန်လည်ကျဆင်းလျက်ရှိရာ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအထိ တိုင်းတာချက်အရ မြစ်ရေသည် စိုးရိမ်ရေအမှတ်အောက် ၉၇၇ စင်တီမီတာသို့ ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း သိရှိရပြီး ရေဘေးကယ်ဆယ်ရေးစခန်းများအနေဖြင့် ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ပြီး ယနေ့မွန်းလွဲပိုင်းတွင် အိမ်ထောင်စုတစ်ချို့ ပြန်လည်ရွေ့ပြောင်းသွားပြီဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)