မတ္တရာ ဇွန် ၄
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံးကို နိုင်ငံအဝန်း၌ ဇွန်လ ၂ ရက်နေ့မှ စတင်၍ဖွင့်လှစ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ အခြေခံပညာကျောင်းများကိုလည်း ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အထက်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၅) ကျောင်း၊ အလယ်တန်းကျောင်း(၅)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၇)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၀)ကျောင်း၊ မူလတန်းကျောင်း(၁၉)ကျောင်း စုစုပေါင်း(၅၂)ကျောင်း ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ ကျောင်းအပ်နှံပြီးသူ ကျောင်းသား၊ ကျောင်းသူ (၁၀၉၅၄)ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)