ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  ကျောင်းသား၊ ကျောင်းသူများ စတင်ပညာသင်ကြား

ကျောက်ဆည် ဇွန် ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့တွင် ဇွန်လ ၂ ရက်နေ့ နံနက်(၉)နာရီက အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မူလတန်း(၁၃၀)ကျောင်း၊ မူလတန်းလွန် (၂၅) ကျောင်း၊ အလယ်တန်း(၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၉)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၉) ကျောင်း၊ အထက်တန်းကျောင်း(၁၁) ကျောင်းစုစုပေါင်း အခြေခံပညာကျောင်း(၁၈၆)ကျောင်းရှိပြီး မူလတန်းဆင့်ကျောင်းသား/ကျောင်းသူ (၃၅၇၁၃) ဦး၊ မူလတန်းကျောင်းသား/သူ(၂၅၇၇၅)ဦး၊ အလယ်တန်းကျောင်းသား/ကျောင်းသူ(၆၈၀၀)ဦး၊ အထက်တန်းကျောင်းသား/ကျောင်းသူ(၃၁၃၈)ဦး၊ စုစုပေါင်းကျောင်းသား/ကျောင်းသူ (၃၅၇၁၃)ဦး ပျော်ရွှင်စွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)