ရတနာပုံတက္ကသိုလ်၌ ပထမပညာသင်ကာလ၊ ဒုတိယပညာသင်ကာလ စာသင်နှစ်များ ဖွင့်လှစ်

အမရပူရ ဇွန် ၄

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ (ဒုတိယပညာသင်ကာလ) နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘွဲ့ကြို သင်တန်းများ၊ ဘွဲ့လွန်သင်တန်းများနှင့် စာကြည့်တိုက်နှင့်သုတပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၉) စသည့် သင်တန်းနှစ်အသီးသီးတို့၏ (ပထမနှစ်ပညာသင်ကာလ) တို့ကို ဇွန် ၂ ရက် (တနင်္လာနေ့)တွင် စတင်ဖွင့်လှစ်ကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ်တွင် သင်ကြားပို့ချပေးနေသည့် အထူးပြုဘာသာရပ်များမှာ မြန်မာစာ၊ မြန်မာမှု၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ (Envinmental Studies)၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ မနုဿဗေဒ၊ ရှေးဟောင်းသုတေသနပညာ၊ ဓာတု ဗေဒ၊ ဇီဝဓာတုဗေဒ၊ ရူပဗေဒ၊ နျူကလိယရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ အဏုဇီဝဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ စာကြည့်တိုက်နှင့်သုတပညာ၊ မှတ်တမ်းနှင့် မော်ကွန်းစီမံခန့်ခွဲမှုပညာ (Records and Archives Management)၊ စီးပွားရေးပညာ၊ ကွန်ပျူတာသိပ္ပံပညာနှင့် အားကစားပညာ စသည့် ဘာသာရပ်ပေါင်း (၂၈)ဘာသာကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

စိုးသီဟ(အမရ)