မဟာအောင်မြေ ဇွန် ၄
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုကိုခံယူကာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းကာဆန်၊ ဆီ၊ အသားငါး စားသောက်ကုန်များ သက်သာသောနှုန်းထားဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး နေ့စဥ် ဈေးရောင်းကား၂ စီးဖြင့်(၆)မြို့နယ်လှည့်လည်ရောင်းချလျက်ရှိရာ ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက် ၆၂ လမ်း၃၉×၄၀လမ်းကြားတွင် ရောင်းချပေးလျက်ရှိရာ ဆန် ၁ ပြည် ၄၀၀၀ ကျပ်၊ ဆီ ၁ ပိဿာ ၈၅၀၀ ကျပ်၊ဆား ၅၀ ကျပ်သား ၆၅၀ ကျပ်၊ ငရုတ်သီးအကြမ်းမှုန့် ၁၀ ကျပ်သား ၁၅၀၀ ကျပ်၊ကုလားပဲ ၂၅ ကျပ်သား ၁၈၀၀ ကျပ်၊ ဝက်သား ၁ ပိဿာ ၂၆၀၀၀ ကျပ်၊အမဲ ၁ ပိဿာ ၂၅၀၀၀ ကျပ်၊ဆိတ် ၁ ပိဿာ ၂၈၀၀၀ ကျပ်၊ကြက်သား ၁ ပိဿာ ၂၀၀၀၀ ကျပ်ငါးမျိုးစုံ၊ ဟင်းသီးဟင်းရွက်မျိုးစုံကြက်ဥ ၁ လုံး ၄၀၀ ကျပ်နှင့်ဘဲဥ ၁ လုံး ၅၅၀ ကျပ်တို့ဖြင့် ပြည်သူလူထု အလွယ်တကူဝယ်ယူနိုင်စေရန်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
အောင်ဇော်မင်း