မဟာအောင်မြေမြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

မဟာအောင်မြေ ဇွန် ၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ (ပထမကြီးတန်း)ကို ယနေ့မွန်းတည့် (၁၂) နာရီအချိန်က စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၊ အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ(ပထမကြီးတန်း)တွင် ဖြေဆိုရန်စာရင်းပေးသွင်းထားသော ရဟန်း၊ သာမဏေ စုစုပေါင်း (၄၉၆) ပါးရှိရာ ရဟန်း၊ သာမဏေ (၃၉၂)ပါး ဝင်ရောက်ဖြေဆိုကြပြီး ဖြေဆိုရန်ပျက်ကွက်သူ (၁၀၄) ပါးရှိကြောင်းနှင့် ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်း မိုးလုံလေလုံခန်းမ၌ အစိုးရပါဠိပထမပြန် စာမေးပွဲ(ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းတွင် ဖြေဆိုရန်စာရင်း ပေးသွင်းထားသော ရဟန်း၊ သာမဏေစုစုပေါင်း (၁၂၇၉) ပါး ရှိရာ ရဟန်း၊ သာမဏေ (၈၆၇)ပါး ဝင်ရောက်ဖြေဆိုကြပြီး ဖြေဆိုရန်ပျက်ကွက်သူ (၄၁၂) ပါးရှိကြောင်း သိရသည်။

အဆိုပါ အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ (၄) ရက်နေ့မှ ဇွန်လ (၁၀) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် စာမေးပွဲကျင်းပဆောင်ရွက်ရာတွင် သံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဆရာတော်ကြီးများ၊ မဟာအောင်မြေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့်အဖွဲ့ဝင်များ၊ ချမ်းမြသာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက စာဖြေသံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် လိုအပ်သည်များကို နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

အောင်ဇော်မင်း