လှည်းကူး ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကပျဥ်ရိုးကျေးရွာ၌ ဒေသနေပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးအဆင့်မြှင့်တင်ရေးအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးခင်ဇော်ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးအဆင့်မြင့်တင်ရေးအဖွဲ့ (နာယက) မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ပရဟိတအဖွဲ့ဝင်များသည် ကပျဉ်ရိုးကျေးရွာသို့ ကွင်းဆင်း၍ ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှု အသိပညာပေးလုပ်ငန်းများ ရှင်းလင်းပြောကြားခြင်း၊ ဆေးဝါးကုသမှုပေးခြင်းနှင့် ကျေးရွာအတွင်းရှိ နေအိမ်များအား ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့ (လှည်းကူး)