ချင်းရွှေဟော် ဒီဇင်ဘာ ၁၂
တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာလ(၁၀)ရက်နေ့က (၁၀)ဦး နှင့် ယမန်နေ့၊ ညနေ(၆)နာရီအချိန်က(၅)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၁၅)ဦး ထပ်မံဝင်ရောက်လာခဲ့သည်။
အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၅)ဦး တို့မှာ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၇)ဦး တို့ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးမှ(၂)ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်မှ(၁)ဦး၊ မိုင်းကိုင်မြို့နယ်မှ(၁)ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုး မြို့နယ်မှ(၁)ဦး၊ သိန္နီမြို့နယ်မှ(၆)ဦး၊ မိုင်းလုံမြို့နယ်မှ(၁)ဦး၊ မူဆယ်မြို့နယ်မှ(၁)ဦး၊ ကျောက်မဲမြို့နယ်မှ(၁)ဦး နှင့် တာမိုးညဲမြို့နယ် မှ(၁)ဦး တို့ ဖြစ်သည်။
ထိုသို့ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကိုယ်ပူချိန်တိုင်းတာခြင်း နှင့်ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ချင်းရွှေဟော်မြို့၊ အမှတ်(၂) ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းတွင် အသွားအလာ ကန့်သတ်စောင့်ကြပ်၍ သီးခြားထားရှိကာ ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit ဖြင့် စစ်ဆေးခြင်း နှင့် ဓါတ်ခွဲနမူနာ Swab များရယူပြီး စစ်ဆေးနိုင်ရန် မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)