ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ပျော်ဘွယ် ဇွန် ၂

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ဇွန်လ (၂)ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၂၄၁) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၅) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၅) ကျောင်းရှိပြီး စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းအပ်နှံမှုအနေဖြင့် မူလတန်းအဆင့်တွင် (၃၀၁၆၈) ဦး၊ အလယ်တန်းအဆင့်တွင်(၁၁၄၄၅)ဦး၊ အထက်တန်းအဆင့်တွင် (၆၀၄၇)ဦး၊ စုစုပေါင်း (၄၇၆၆၀) ဦး အပ်နှံထားကြောင်း၊ ကျောင်းတက်ရန် ပျက်ကွက်သူမရှိကြောင်း၊ ကျောင်းအပ်နှံမှုကိုလည်း သက်ဆိုင်ရာကျောင်းများ၌ ဆက်လက်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)