လှည်းကူးမြို့နယ်၊ ကပျဥ်ရိုးကျေးရွာ၌ ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး

လှည်းကူး ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကပျဥ်ရိုးကျေးရွာ၌ ဒေသနေပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးအဆင့်မြှင့်တင်ရေးအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးခင်ဇော် ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးအဆင့်မြင့်တင်ရေးအဖွဲ့၊နာယက) မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ပရဟိတအဖွဲ့ဝင်များသည် ကပျဉ်ရိုးကျေးရွာသို့ကွင်းဆင်း၍ ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှု အသိပညာပေးလုပ်ငန်းများ ရှင်းလင်းပြောကြားခြင်း၊ ဆေးဝါးကုသမှုပေးခြင်းနှင့် ကျေးရွာအတွင်းရှိ နေအိမ်များအား ပိုးလောက်လမ်း နှိမ်နင်းရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(လှည်းကူး)