ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်စားသောက်မှုပုံစံနှင့် ကွမ်း၊ ဆေးလိပ်၊ အရက် ရှောင်ကြဉ်နိုင်ရေး ကျန်းမာရေးအသိပညာပေးဟောပြော

လသာ မေ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များ ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်စားသောက်မှုပုံစံရှိစေရေးနှင့် ကွမ်း၊ဆေးလိပ်၊ အရက်ရှောင်ကြဉ်နိုင်ရေး ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက လသာမြို့နယ်၊ လသာလမ်းမ​ပေါ်ရှိ မြို့မရဲစခန်း အစည်း အဝေးခန်းမ၌  ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးအောင်က အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့ညိုဝင်းနှင့် ဝန်ထမ်းများက ကျန်းမာရေးနှင့်အညီနေထိုင်စားသောက်မှုပုံစံများ၊ ကွမ်း၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကိုယ်ခန္ဓာတွင်ဖြစ်ပွားတတ်သည့် ရောဂါလက္ခဏာများ၊ မိသားစုနှင့်ပတ်ဝန်းကျင်အပေါ်တွင် သက်ရောက်နိုင်သည့် ဆိုးကျိုးများကိုလည်းကောင်း အသိပညာပေးဟောပြောသည်။

ထို့​နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသူများက ကျန်းမာရေးဆိုင်ရာသိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင်