မြစ်သား မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာတုံ့ပြန်ကူ ညီဆောင်ရွက်ပေးနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်မီးသတ်စခန်းတွင် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာများ အသင်းစုဖွဲ့ထားရှိမှု ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနသည် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးကျရောက်လာသည့် အချိန်တွင် လျင်မြန်စွာတုံ့ပြန် ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်က လူ၊ ယာဥ်နှင့် စက်ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိမှု၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို အသုံးပြု၍ လျင်မြန်စွာကူညီ ဆောင်ရွက်နိုင်ရန်တို့ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)