ရွှေပြည်သာမြို့နယ်၌ ကျောင်းကျန်းမာရေးဟောပြောပွဲနှင့် အသိပညာပေးဆင့်ပွားသင်တန်း ဖွင့်လှစ်

ရွှေပြည်သာ မေ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊‌ ရွှေပြည်သာမြို့နယ်တွင် ကျောင်းကျန်းမာရေးဟောပြောပွဲနှင့် အသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရွှေပြည်သာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါခင်စန္ဒာအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းတို့က အသိပညာပေးဟောပြောပြီး ခေါင်းစဉ်အလိုက် အသိပညာပေးခြင်းများကို သက်ဆိုင်ရာကျန်းမာရေးဆရာမများက အသိပညာပေးဟောပြောကာ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က ကျေးဇူးတင်စကား‌ပြောကြားခဲ့ကြောင်း သိရသည်။

ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ဆင့်ပွားသင်တန်းသို့ ရွှေပြည်သာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)