မိုးရာသီအတွင်း ဖြစ်တတ်သောရောဂါများ ကူးစက်ပြန့်ပွားမှုမရှိစေရန် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာ (အနောက်ပိုင်း)  မေ ၂၉

မိုးရာသီအတွင်း ဖြစ်တတ်သောရောဂါများ ကူးစက်ဖြစ်ပွားမှုမရှိစေရန်နှင့် ခြင်ပေါက်ပွားမှုများ လျော့နည်းစေရန်ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် (၁၄)ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းကို လှိုင်သာယာမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းမာနှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုပရဟိအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေး တာဝန်ရှိသူများလိုက်ပါလျက် လှိုင်သာယာ(အနောက်) (၁၄)ရပ်ကွက်အတွင်းရှိ နေအိမ်များသို့လှည့်လည်ကာ ခြင်ဆေးမှုတ်ပေးခြင်း၊ ပိုးလောက်လန်းများရှာဖွေ၍ ဖုန်း၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးကြသည်။

ယင်းသို့ပြုလုပ်ဆောင်ရွက်ခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များသည် မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီးမှ လူနေအိမ်များနှင့် စာသင်ကျောင်းများသို့ သွားရောက်လျက် အရှိန်အဟုန်မြင့် ဆက်လက်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်သန်း

မြို့နယ် (ပြန်/ဆက်)