ဌာနဆိုင်ရာများသို့ Mobile Library စနစ်ဖြင့် စာအုပ်များအခမဲ့ကွင်းဆင်းငှားရမ်းပေး

ရန်ကင်း ဇန်နဝါရီ ၁၁          

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်း များသည် ပြည်သူများစာဖတ်သည့်အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် နယ်လှည့်စာကြည့် တိုက် Mobile Library စနစ်ဖြင့် စာအုပ်များအခမဲ့ ငှားရမ်း ပေးခြင်းကို ယမန်နေ့ နံနက်၁၀နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် (ရေသန့်ဌာန) သို့ သွားရောက်ပြီး စာအုပ်များအခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်းသိရသည်။

အဆိုပါစာအုပ်များငှားရမ်းပေးရာတွင် သုတ/ရသစာအုပ်များ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္ထုစာအုပ်များ နှင့် အသိပညာ ဗဟုသုတများစွာရရှိမည့်စာအုပ်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ထိုသို့ငှားရမ်းပေးခဲ့သော စာအုပ်များကို တစ်လပြည့်လျှင် စာအုပ်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။          

ခင်မာဝေ(IPRD)